* ဒုက္ခ သုခ ထိုနှစ်ဝကို ဖြစ်စေတတ်သောတရားများ ......
သတ္တ၀ါတို့၏ လက်တွေ့ဘ၀ကို ဒုက္ခ - ဆင်းရဲမှု၊ သ၀ိဃာတ - ညှင်းဆဲနှိပ်စက်တတ်သော ဘေးရန်၊ ဥပါယာသ - ပြင်းစွာပင်ပန်းမှု၊ သပရိဠာဟ - ကိုယ်စိတ်နှစ်ဖြာ ပူလောင်မှု၊ ဒုဂ္ဂတိ - မကောင်းသော လားရောက်ရာတို့ကို ဖြစ်စေနိုင်တဲ့ တရားများမှာ -
၁။ အသဒ္ဓေါ ဟောတိ - မယုံကြည်မှု၊
၂။ အဟိရိကော ဟောတိ - အရှက်မရှိမှု၊
၃။ အနောတ္တပ္ပီ ဟောတိ - အကြောက်မရှိမှု၊
၎။ ကုသီတော ဟောတိ - ပျင်းရိမှု၊
၅။ ဒုပ္ပညော ဟောတိ - ပညာမဲ့မှုတို့ဖြစ်ပါတယ်။
သတ္တ၀ါတို့၏ လက်တွေ့ဘ၀ကို သုခ - ချမ်းသာမှု၊ အ၀ိဃာတ - ဘေးရန်ကင်းမှု၊ အနုပါယာသ - ပင်ပန်း
မှု ကင်းမဲ့ခြင်း၊ အပရိဠာဟ - ကိုယ်စိတ်ပူလောင်မှု ကင်းမဲ့ခြင်း၊ သုဂတိ - ကောင်းသော လားရောက်ရာတို့ကို
ဖြစ်စေနိင်တဲ့ တရားများမှာ -
၁။ သဒ္ဓေါ ဟောတိ - ယုံကြည်မှုရှိခြင်း၊
၂။ ဟိရီမာ ဟောတိ - အရှက်တရားရှိခြင်း၊
၃။ သြတ္တပ္ပီ ဟောတိ - အကြောက်တရားရှိခြင်း၊
၎။ အာရဒ္ဓ၀ီရိယော ဟောတိ - အားစိုက်သော လုံ့လ၀ီရိယရှိခြင်း၊
၅။ ပည၀ါ ဟောတိ - ပညာရှိခြင်းတို့ဖြစ်ပါတယ်။
( အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ်၊ သေခ၀ဂ်၊ ဒုက္ခသုတ် ၂.၃၊ တတွဲ - ၅.၆)
Tuesday, September 23, 2014
ဖြစ်တည်ရမည့် တရားငါးမျိုး .....
* ဖြစ်တည်ရမည့် တရားငါးများ ......
၁။ သဒ္ဓါတရားဖြစ်နေသမျှကာလပတ်လုံး အကုသိုလ် မ၀င်ရောက်နိုင်၊ သဒ္ဓါတရား ကွယ်ပျောက် သည် ရှိသော် အကုသိုလ် ၀င်ရောက်လာ၏။
၂။ ဟိရိတရားဖြစ်နေသမျှကာလပတ်လုံး အကုသိုလ် မ၀င်ရောက်နိုင်၊ ဟိရိတရားကွယ်ပျောက်သည် ရှိသော် အကုသိုလ် ၀င်ရောက်လာ၏။
၃။ သြတ္တပ္ပတရားဖြစ်နေသမျှကာလပတ်လုံး အကုသိုလ် မ၀င်ရောက်နိုင်၊ သြတ္တပ္ပတရားကွယ်ပျောက် သည် ရှိသော် အကုသိုလ် ၀င်ရောက်လာ၏။
၎။ ၀ီရိယတရားဖြစ်နေသမျှကာလပတ်လုံး အကုသိုလ် မ၀င်ရောက်နိုင်၊ ၀ီရိယတရားကွယ်ပျောက် သည် ရှိသော် အကုသိုလ် ၀င်ရောက်လာ၏။
၅။ ပညာတရားဖြစ်နေသမျှကာလပတ်လုံး အကုသိုလ် မ၀င်ရောက်နိုင်၊ ပညာတရားကွယ်ပျောက်သည် ရှိသော် အကုသိုလ် ၀င်ရောက်လာ၏။
(အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ်၊ သေခ၀ဂ်၊ သမာပတ္တိသုတ် ၊ ၄.၅၊ တ-၈)

* ၀န်ထမ်းတိုင်း ရှောင်ကြဉ်သင့်သည့် လာဘ်သုံးမျိုး .....

၁။ ဥာတိသာလောဟိတ - ဟူသော ဆွေမျိုးသားချင်းတော်စပ်သူတို့၏ အမှားကိုလိုက်၍ လက်ခံ-
ရယူမိသည့် မေတ္တာလက်ဆောင် .....
၂။ ပိယမိတ္တ - ဟူသော ရာထူးဂုဏ်သိရ်ရှိသူ၊ ချစ်ကျွမ်းဝင်သူတို့၏ အမှားကိုလိုက်၍ လက်ခံရယူ-
မိသည့် မေတ္တာလက်ဆောင် .......
၃။ ဓနုဂ္ဂဟ - ဟူသော ငွေကြေးဥစ္စာ လာဘ်ပေးလာဘ်ယူ၍ အမှားကို လိုက်လျော၍ လက်ခံရယူ-

Sunday, September 21, 2014

* ၀န်ထမ်းကျင့်ဝတ် ငါးပါး ........
* ၀န်ထမ်းကျင့်ဝတ် ငါးပါး ........
၁။ အလုပ်ချိန်ကို အရေးထား လေးစားလိုက်နာ လုပ်ကိုင်ဆောင်ရွက်ခြင်း၊
၂။ အလုပ်ချိန်ပြီးမှသာ မိမိနေအိမ်သို့ ပြန်ခြင်း၊
၃။ လုပ်ငန်းခွင်မှ တရားဝင်ပေးအပ်သော အကျိုးခံစားခွင့်ကိုသာ လက်ခံရယူခြင်း၊
၎။ အလုပ်ကို ကောင်းမွန်မှန်ကန်သေသပ်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်း၊
၅။ အလုပ်နှင့်စပ်လျဉ်းသည့် ဂုဏ်ကျေးဇူးတရားကို မမေ့မလျော့ဘဲ အမြဲထာဝရ သတိရရှိနေခြင်း .....။
(မြတ်ဗုဒ္ဓ၊ သိင်္ဂါလောဝါဒသုတ်)

* နိုင်ငံတော်၏ န၀ရတ်ရတနာကိုးပါး ......
* နိုင်ငံတော်၏ န၀ရတ်ရတနာကိုးပါး ......
၁။ ပြည့်ဦးကင်း - တိုင်းရေးပြည်မှု စီမံခန့်ခွဲနိုင်သော မင်းမှုထမ်း (အမတ်) များ၊
၂။ ပြည့်တံခွန် - သီလ ပညာနှင့် ပြည့်စုံသော ရဟန်းပညာရှိ၊ လူပညာရှိ၊
၃။ ပြည့်မျက်စိ - ကျွမ်းကျင်သော ဆေးပညာရှင်၊ ဗေဒင်ပညာရှင်၊ စက်ယန္တရား ပညာရှင်များ၊
၎။ ပြည်၏ နား - သစ္စာရှိသော သူလျှိုများ၊
၅။ ပြည်၏ အစွယ် - သတ္တိစွမ်းအားနှင့် ပြည့်စုံသည့် အမှုထမ်းများ၊
၆။ ပြည့်မျက်နှာ - အဆင်းအင်္ဂါနှင့် ပြည့်စုံသော သမီးကညာများ၊
၇။ ပြည့်ဝမ်းဗိုက် - သူဋ္ဌေး သူကြွယ်များ၊
၈။ ပြည့်ခြေ - စစ်သည်များ၊ စစ်ယာဉ်များ၊
၉။ ပြည်၏ လက် - အမြှောက်၊ သေနတ်၊ ခဲယမ်း၊ မီးကျောက်စသော လက်နက်များ။

Saturday, September 20, 2014
* လူသုံးမျိုး .......
* လူသုံးမျိုး .......
ဤလောကကြီး၌ ........
၁။ သူတစ်ပါးအကျိုးစီးပွားကို ဖျက်ဆီး၍ ကိုယ်ကျိုးစီးပွားကို ရှာတတ်သောသူ၊
၂။ သူတစ်ပါးအကျိုးစီးပွားကို မကြည့်ဘဲ ကိုယ်ကျိုးစီးပွားကို ရှာတတ်သောသူ၊
၃။ သူတစ်ပါးအကျိုးစီးပွားကို ဆောင်ရွက်ပြီး ကိုယ်ကျိုးစီးပွားကို ရှာတတ်သော - ဟူ၌ သုံးမျိုးရှိပါသည်။ ထိုသုံးမျိုးတို့တွင် သူတစ်ပါးအကျိုးစီးပွားကို ဖျက်ဆီး၍ ကိုယ်ကျိုးစီးပွားကို ရှာတတ်သောသူကို နှိပ်ကွပ်အပ်, ဆုံးမအပ်, ရှောင်ရှားအပ်၏။
သူတစ်ပါးအကျိုးစီးပွားကို မကြည့်ဘဲ ကိုယ်ကျိုးစီးပွားကို ရှာတတ်သောသူကို ပြုပြုပေးအပ်။
သူတစ်ပါးအကျိုးစီးပွားကို ဆောင်ရွက်ပြီး ကိုယ်ကျိုးစီးပွားကို ရှာတတ်သောသူကို အလိုရှိအပ်, ရှာဖွေ ပေါင်းသင်းအပ်၏။

* ၀င် ကိုးဝင် ........
* ၀င် ကိုးဝင် ........
၁။ ဗုဒ္ဓ၀င် - ဗုဒ္ဓအစဉ်အဆက်ကို ပြသောကျမ်း၊
၂။ မဟာဝင် - ဘုရားရှင်တို့၏ ဆွေမျိုးတော်စပ်သူ အစဉ်အဆက်ကို ပြသောကျမ်း၊
၃။ ရာဇ၀င် - မင်းအစဉ်အဆက်ကို ပြာသောကျမ်း၊
၎။ အနာဂတ၀င် - နောင်ပွင့်လတဲ့သော ဗုဒ္ဓအစဉ်အဆက်ကို ပြသောကျမ်း၊
၅။ ဒါဌာဓာတုဝင် - ဗုဒ္ဓ, ပစ္စေကဗုဒ္ဓ, ရဟန္တာတို့၏ ဓာတ်တော်အစဉ်အဆက်ကို ပြသောကျမ်း၊
၆။ ဒီပ၀င် - သီဟိုဠ်ကျွန်းသမိုင်းအစဉ်အဆက်ကို ပြသောကျမ်း၊
၇။ ထူပ၀င် - စေတီပုထိုးတို့၏ အစဉ်အဆက်ကို ပြသောကျမ်း၊
၈။ ဗောဓိဝင် - ဗုဒ္ဓတို့ ပွင့်တော်မူရာ ဗောဓိပင်အစဉ်အဆက်ကို ပြသောကျမ်း၊
၉။ သာသနာဝင် - သာသနာတော် အစဉ်အဆက်ကို ပြသောကျမ်း ......

ကောင်းကျိုးမပြီးသူ ရှစ်ယောက် ....
* ကောင်းကျိုးမပြီးသူ ရှစ်ယောက် .......
၁။ သူ 'အ' ကဲ့သို့ စကားမပြောလည်း အကျိုးမဖြစ်၊
၂။ သူယစ်ကဲ့သို့ စကားများလွန်းလည်း ပျက်တတ်၊
၃။ လောဘရမ္မက် တက်လွန်းသူလည်း ရိုင်းဆိုင်း၊
၎။ စေခိုင်းများလွန်းသောသူလည်း အကျိုးမဖြစ်၊
၅။ အချစ်ခင်ယောင် ဆောင်သောသူလည်း အခက်တွေ့၊
၆။ လျှို့ ဝှက်မှတ်တတ်သောသူလည်း မခံနိုင်၊
၇။ ကျောက်စာတိုင်ကဲ့သို့ ခိုင်လွန်းသောသူလည်း အကျိုးမပြီး၊
၈။ နှေးဖြေးလွန်းသူလည်း အကျိုးမမြင်။

လယ်တီဆရာတော်ကြီး၏ သံဝေဂကဗျာ ......
* လယ်တီဆရာတော်ကြီး၏ သံဝေဂကဗျာ .......
လေးဆယ်ကျော် အရွယ်နှောင်းကာမှ
သူကြွယ်လောင်း လုပ်ချင်
မိုးကုန်ပြီ ထွန်မချနှင့်
ရွံ့ စရာ မှားဖို့ဖြစ်အင်
နွားအိုကြီး အမော့သင်သလို
မလျှော့လျှင် ဘ၀ဆုံးရှာတော့
အစတုံးနှင့် အဆင်လွဲဖို့သာပြင်
တရားသို့ မသက်ဝင်လျှင်
အခက် နင်ကြုံတွေ့ ဖို့လေး ....
လေးဆယ်ကျော် အရွယ်နှောင်းကာမှ
သူကြွယ်လောင်း လုပ်ချင်
မိုးကုန်ပြီ ထွန်မချနှင့်
ရွံ့ စရာ မှားဖို့ဖြစ်အင်
နွားအိုကြီး အမော့သင်သလို
မလျှော့လျှင် ဘ၀ဆုံးရှာတော့
အစတုံးနှင့် အဆင်လွဲဖို့သာပြင်
တရားသို့ မသက်ဝင်လျှင်
အခက် နင်ကြုံတွေ့ ဖို့လေး ....
အဆင်တန်ဆာ ......
* အဆင်တန်ဆာ ......
၁။ လက်၏ အဆင်တန်ဆာသည် လက်စွပ် လက်ကောက်မဟုတ်၊ ပေးကမ်းစွန့်ကြဲခြင်းသာ၊
၂။ နား၏ အဆင်တန်ဆာသည် ပုတီး နားဋောင်းမဟုတ်၊ တရားဓမ္မ ကြားနာခြင်းသာ၊
၃။ ကိုယ်၏ အဆင်တန်ဆာသည် ဘယက်ဒွါရယာမဟုတ်၊ ကရုဏာစိတ်ဖြင့် သူတစ်ပါးအကျိုးဆောင်ရွက်ခြင်းသာဖြစ်ပါသည်။

* အမှန်မသိရာ ကြောင်းငါးဖြာ ......
* အမှန်မသိရာ ကြောင်းငါးဖြာ ......
၁။ ပျက်စီးစေလိုမှု
၂။ လေးလံထိုင်းမှိုင်းမှု
၃။ စိတ်ပျံ့ လွင့်မှု
၎။ နောင်တ ပူပန်မှု
၅။ မဝေခွဲနိုင်မှု
ဤငါးချက်ရှိနေပါက အမှန်တရားကို မသိနိုင်၊ ဟုတ်တိုင်းမှန်ရာ မသိနိုင်။

အိမ်သုံးမဂ္ဂင်ရှစ်ပါး .......
အိမ်သုံးမဂ္ဂင်ရှစ်ပါး ......
၁။ သမ္မာဒိဋ္ဌိ - ဘယ်ကိစ္စမဆို ကောင်းမှု, မကောင်းမှုကံတွေသည် ငါ၏ သန္တာန်၌ အဖတ်တင်ရစ်သည်။
နောင်အခါအခွင့်သင့်သလို ကောင်းကျိုး, မကောင်းကျိုးကို တွေ့ကြုံရမည်-ဟု ကံ၏ အကျိုးကို နားလည်သော
`ဥာဏ်ဖြစ်ပါစေ .....။
၂။ သမ္မာသင်္ကပ္ပ - မိမိအတွက်ဖြစ်စေ သူများအတွက်ဖြစ်စေ စိတ်သဘောကြီးကြီးထားလျက် အပြစ်
မရှိဘဲ အကျိုးများမည့်အကြံကိုသာ ကြံပါ၊ သူတစ်ပါးပျက်စီးသွားမည့်အကြံ၊ ဆင်းရဲသွားမည့်အကြံများကို
မကြံမိပါစေနဲ့၊ မေတ္တာ ကရုဏာထား၍ သနားပါ၊ စောင့်ရှောက်ပါ၊ တစ်ခါတစ်ရံ၌ကား "လူ့လုပ်ငန်းကိစ္စကို
ဖြတ်၍ သင့်တော်ရာအရပ်၌ ဥပုသ်ရက်ရှည်စောင့်ကာ ဆိတ်ဆိတ်ငြိမ်ငြိမ် တရားကျင့်မည်"ဟု ကြံပါ။
၃။ သမ္မာဝါစာ - မိမိမှာဖြစ်စေ သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာ ပြောပါ၊ မုသားစကား၊ ကြမ်း
တမ်းသောစကား၊ အပျက်အချော်၊ အပြောင်အလောင်စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်။
အိပ်ရာဝင် အိပ်ရာထ အခါတို့၌ မိမိကျက်မှတ်ထားသော ဘုရားနှုတ်တော်ထွက် တရားစာပေများကို ရွတ်နိုင်
လျှင် သာ၍ ကောင်းပါသည်။
၎။ သမ္မာကမ္မန္တ - မိမိမှာဖြစ်စေ သူများဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်
မိပါစေ၊ သတ်မှု ခိုးမှုစသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်။ အိပ်ရာ အိပ်ရာထများတွင်
ဗုဒ္ဓဝေယျာဝစ္စ (ရေလဲ ပန်းကပ်) စသည်ကို နေ့စဉ် ပြုလုပ်မိပါစေ။
၅။ သမ္မာအာဇီဝ - မိမိအသက်မွေးကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ၊ သူတစ်ပါး မျက်ရည်ကျပြီးမှ မိမိဝမ်းဝမည့်အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ။ စွမ်းနိုင်လျှင် ရောင်းရေးဝယ်ရာ စသည်တို့၌ ဆင်းရာသူများကို ညှာတာနိုင်သမျှ ညှာတာပါ။
၆။ သမ္မာဝါယာမ -စီးပွားရှာ၌ဖြစ်စေ ကုသိုလ်ကိစ္စ၌ဖြစ်စေ ၀ီရိယအမြဲရှိပါစေ၊ လောကီစီးပွားရေး
ဖြစ်စေ၊ သံသရာကြီးပွားရေးဖြစ်စေ၊ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ အရေးဖြစ်စေ၊ အေးအေးစက်စက်နှင့် ကံစီမံသလို
ဖြစ်လိမ့်မည်ဟု ကံတစ်ခုကို အားကိုးလို့ ရနိုင်ရိုး မရှိပါ။ ရေလားမြောင်းပေးဆိုသလို ၀ီရိယဖြင့် ကူညီပေးမှ
ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။
၇။ သမ္မာသတိ - နေ့စဉ်ပြုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်။ အမြဲသတိရပါစေ၊ သေခါနီး
တိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချရပါတော့မည်။
၈။ သမ္မာသမာဓိ - စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နှုတ်အပြောလည်း စဉ်းစဉ်းစားစား သတိ-
ထားလျက် တည်ကြည်စွာ ပြောပါ၊ မျက်နှာအနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက်
တည်ကြည်နေလျှင် မြင်နေသူ လူအများက ခန့်ညားကြည်ညိုလျက် မျက်နှာအနေမကင်းသည့် အတွက်လည်း
တစ်မျိုးကျက်သရေတိုးကာ ချစ်ခင်စရာ ဖြစ်လာပါလိမ့်မည်။
အရှင်ဇနကာဘိဝံသ၊ ရတနာဂုဏ်ရည်

ဒီဘ၀မှာ အထွဋ်အထိပ် ရောက်လိုသလား ....?
* "ဘ၀မှာ အထွဋ်အထိပ်ရောက်တယ်" ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ နောက်ကြောင်းကို ကြည့်လိုက်ရင်း .....
၁။ စိရကာလဘာဝနာ - အချိန်ကြာကြာ အလုပ်လုပ်မှု၊
၂။ နိရန္တရဘာဝနာ - မရပ်မနား အလုပ်လုပ်မှု၊
၃။ နိရ၀သေသဘာဝနာ - အကြွင်းအကျန်မရှိအောင် အလုပ်လုပ်မှု၊
၎။ သက္ကစ္စဘာဝနာ (သာတစ္စဘာဝနာ) - ရိုရိုသေသေ လေးလေးစားစား အလုပ်လုပ်မှု၊
၅။ အဘိရတိဘာဝနာ - ပျော်ပျော်ပါးပါး အလုပ်လုပ်မှု ..... ဆိုတဲ့ ဒီကျင့်စဉ်ငါးပါးနဲ့ ပြည့်စုံနေတာကို တွေ့ ရပါတယ်။

Wednesday, September 17, 2014
ဗောဇ္ဈင်တရားတော်၏ အကျိုး
* နာညတြ ဗောဇ္ဈတပဿာ ၊ နာညတြိန္ဒြိယသံဝရာ။
နာညတြ သဗ္ဗနိဿ ဂ္ဂါ၊ သောတ္ထိံ ပဿာမိ ပါဏိနံ ။ ။
* ဣန္ဒြိယသံဝရာ၊ စက္ခု, သောတစသည်ခြောက်ထွေ ဣနြေ္ဒကို စောင့်စည်းခြင်းတည်းဟူသော ဣန္ဒြိယ သံဝရသီလကို။ အညတြ၊ ကြဉ်ထား၍။ ပါဏိနံ၊ နေဝေယျသတ္တ၀ါတို့၏။ သောတ္ထိံ၊ ချမ်းသာရာကို။ န ပဿာမိ၊
ငါဘုရား မြင်တော်မမူ။
* သဗ္ဗနိဿ ဂ္ဂါ၊ အလုံးစုံသော ကိလေသာတို့မှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို။ အညတြ၊ ကြဉ်ထား
၍။ ပါဏိနံ၊ ဝေနေယျသတ္တ၀ါတို့၏။ သောတ္ထိံ၊ ချမ်းသာရာကို။ န ပဿာမိ၊ ငါဘုရား မြင်တော်မမူ။

* ဗောဇ္ဈတပဿာ၊ ဗောဇ္ဈင်ခုနစ်ပါး အကျင့်တရားကို။ အညတြ၊ ကြဉ်ထား၍။ ပါဏိနံ၊ ေ၀ေနယ်သတၱ၀ါ
တို့၏။ သောတ္ထိံ၊ ချမ်းသာရာကို။ န ပဿာမိ၊ ငါဘုရား မြင်တော်မမူ။
တို့၏။ သောတ္ထိံ၊ ချမ်းသာရာကို။ န ပဿာမိ၊ ငါဘုရား မြင်တော်မမူ။
* ဣန္ဒြိယသံဝရာ၊ စက္ခု, သောတစသည်ခြောက်ထွေ ဣနြေ္ဒကို စောင့်စည်းခြင်းတည်းဟူသော ဣန္ဒြိယ သံဝရသီလကို။ အညတြ၊ ကြဉ်ထား၍။ ပါဏိနံ၊ နေဝေယျသတ္တ၀ါတို့၏။ သောတ္ထိံ၊ ချမ်းသာရာကို။ န ပဿာမိ၊
ငါဘုရား မြင်တော်မမူ။
* သဗ္ဗနိဿ ဂ္ဂါ၊ အလုံးစုံသော ကိလေသာတို့မှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို။ အညတြ၊ ကြဉ်ထား
၍။ ပါဏိနံ၊ ဝေနေယျသတ္တ၀ါတို့၏။ သောတ္ထိံ၊ ချမ်းသာရာကို။ န ပဿာမိ၊ ငါဘုရား မြင်တော်မမူ။
အတ္တတရား
ပုထုဇဉ်လူသားတွေဖို့ အတ္တမကင်းကြဘူးဆိုပေမဲ့ မိမိရဲ့ အတ္တဟာ ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်
မဖြစ်သင့်ဘူး ...... (၆.၆.၂၀၀၈)
မဖြစ်သင့်ဘူး ...... (၆.၆.၂၀၀၈)
Subscribe to:
Posts (Atom)